Local News

မြန်မာနိုင်ငံမှထွက်ရှိသည့် ရှောက်ကောသီးနှံအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်၍ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Last Updated:

     မြန်မာနိုင်ငံမှထွက်ရှိသည့်ရှောက်ကောသီးနှံအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့(GACC)တွင် မှတ်ပုံတင်ခွင့်ရရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိရေးအတွက်   ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါ မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ အစည်း အဝေးခန်းမ၌  Hybrid ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

     ညှိနှိုင်းအစည်းအဝေးပွဲသို့ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ ပေကျင်းမြို့နှင့် ကူမင်းမြို့မှ မြန်မာစီးပွားရေးသံမှူးများ၊  မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး၊  ရှောက်ကောသီးနှံ တင်ပို့နေသည့်ကိုယ်စားလှယ်များ၊ ကုမ္ပဏီများ စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ချုပ်က ပြောကြားရာတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့်ရှောက်ကောသီးနှံအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေ ထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ခွင့်ရရှိနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍   သက်ဆိုင်ရာဌာနများနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊  မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ရှောက်ကောသီးနှံကို တရုတ်နိုင်ငံသို့တရားဝင်တင်ပို့နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက် ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) သို့ တရားဝင် မှတ်ပုံတင်ခွင့်ရရှိနိုင်ရေးလုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာထွက်ကုန်များကို GACC မှတ်ပုံတင်စာရင်းတွင် ပါရှိနိုင်ရေး အတွက်လည်းကောင်း၊ အသင်းအဖွဲ့များမှ လည်းလုပ်ထုံးလုပ်နည်းစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးကြရန် ပြောကြားခဲ့ပါသည်။

     ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ စီးပွားရေးသံမှူးများနှင့် အသင်းအဖွဲ့များမှ တက်ရောက် လာကြသူများက မြန်မာနိုင်ငံမှထွက်ရှိသည့်ရှောက်ကောသီးနှံအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ် မှုအာဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်ခွင့်ရရှိနိုင်ရေးဆောင်ရွက်ရမည့်ကိစ္စရပ်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို (၁၅:၄၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

 

Category: Local News